၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် မြဝတီမြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့်
ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရန်အတွက်အပတ်စဉ်စုပေါင်းသန့်ရှင်းရေးအား ပြုလုပ်ခဲ့ပါသည်။Saturday, July 27, 2019
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
မြဝတီမြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် .စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
Friday, July 26, 2019
ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဆောင်ရွက်မှု
ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက္ကဌနှင့်မြို့နယ်ကြက်ခြေနီအမူဆောင်များတွေ့ဆုံ

=======================
သံတောင် မြို့ ဇူလိုင် ၂၆
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါက်တာဌေးနောင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ခွန်ကျော်ဝင်း ဘားအံခရိုင်တပ်ဖွဲ့မှူးဦးမြင့်နိုင်နှင့် ကော့ကရိတ်ခရိုင်ကြီးကြပ်မှုဥက္ကဌဒေါ်ပုလဲဖြူနှင့် ဘားအံICRCရုံးတာဝန်ခံ ဦးစစီလွင်တို့သည် ၀၉:၀၀ နာရီချိန်ခန့်တွင် ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်မြို့နယ် သပြေညွန့်စံပြကျေးရွာရှိ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်တို့ ရောက်ရှိခဲ့ပြီး သံတောင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးပန်းမောင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး သပြေညွန့်အထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် သပြေညွန့်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ကြက်ခြေီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
၎င်းတွေ့ဆုံပွဲတွင် ပြည်နယ်ဥက္ကဌမှအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ တပ်ဖွဲ့ရေးရာကိစ္စရပ်များနှင့်စည်းမျဉ်းကမ်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ICRC မှကြက်ခြေနီအသင်းများလှုပ်ရှားမှုအကြောင်း ၊ ဘောလုံးအခြေပြုလူငယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်းများအကြောင်းတို့ကိုအသီးသီးဆွးနွေးခဲ့ကြပါသည်။

ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌမှ အမှာစကားပြောကြားစဉ်
ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှာမှ တပ်ဖွဲ့ရေးရာကိစ္စရပ်များဆွေးနွေးပြောကြားစဉ်
Thursday, July 25, 2019
မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ကမ်းပါးပြိုကျမှုတွင် ကြက်ခြေနီမှကူညီဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၂၅
လှိုင်းဘွဲမြို့နယ် ရွေဂွန်းကျေးရွာ ရွာသစ် ရပ်ကွက်(၁)နှင့်ရပ်ကွက်(၃)တို့တွင်မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းပါးများပေ ၂၀ခန့်ပြိုကျပျက်စီးလှက်ရှိပါသည်။
ကမ်းပါးပြိုမှုအားပြန်လည်ပြုပြင်ရာတွင်လှိုင်းဘွဲ မြို့နယ်ရဲတပ်ဖွဲ့ ၊မီးသတ်သတ်ဖွဲ့နဲ့အတူ ကြက်ခြေနီမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါသည်။
အဆိုပါကမ်းပါးပြိုကျမှုတွင် ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရှိရပါသည်။
Crd ဦးဝင်းဇော်

Tuesday, July 23, 2019
ကြာအင်းဆိပ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှကျောင်းသုံးစာရေးကိရိယာများထောက်ပံ့
(ကျောင်းသုံး စာရေးကိရိယာများကူညီထောက်ပံ့ခြင်း)
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင် (၄)ဦးတို့သည် သမင်လစ်ချောင်းဖျားကျောင်းနှင့် ကျခတ်ချောင်းဖျား ကျောင်းတို့တွင် တက်ရောက်လျှက်ရှိ သော ကျာင်းသား/သူစုစုပေါင်း ၂၁၅ ဦးတို့အာြး မန်မာနိုင်ငံ ကြက်ခြေနီအသင်းမှပေး
အပ်သောစာအုပ်/ခဲတံ/ ကျောင်းဝတ်စုံ /မိုးကာအကျီများကိုသွားရောက်ကူညီထာက်ပံ့ပေးအပ်ခဲ့ပါသည်။
Crd: ကြာအင်းဆိပ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ
Friday, July 19, 2019
ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်
ကရင်ပြည်နယ်
Unicode Version
ကရင်ပြည်နယ်
ရခိုင်ပြည်နယ်တွင်းရှိကယ်ဆယ်ရေးစခန်းများတွင် ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များမှသွားရောက်ပံပိုးကူညီဆောင်ရွက်လျက်ရှိ
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင် စုစုပေါင်း ၂၂ ဦးတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရခိုင်ပြည်နယ်ရှိကယ်ဆယ်ရေးစခန်းများသို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကူညီရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။
Thursday, July 18, 2019
၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပပြုလုပ်
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မြဝတီမြို့ရှိ အာဇာနည်ဗိမ္မာန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ၄င်းအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြဝတီခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦး၊ မြဝတီကြက်ခြေနီမြို့နယ်အသင်းခွဲဥက္ကဌ ဦးဝေလင်းထက်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုစုပေါင်း ၂၀ ဦးတို့မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေများနှင့်အတူ တက်ရောက် အလေးပြုခဲ့ပါသည်။
Unicode Version
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မြဝတီမြို့ရှိ အာဇာနည်ဗိမ္မာန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ၎င်းအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြဝတီခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦး၊ မြဝတီကြက်ခြေနီမြို့နယ်အသင်းခွဲဥက္ကဌ ဦးဝေလင်းထက်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုစုပေါင်း ၂၀ ဦးတို့မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေများနှင့်အတူ တက်ရောက် အလေးပြုခဲ့ပါသည်။

ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီစာမျက်နှာမှ ကြိုဆိုပါတယ်
ကရင်ပြည်နယ်အတွင်း အခြေ ခံမူ ( ၇ ) ချက်နှင့်အညီ လှုပ်ရှားဆောင်ရွက်နေသော ကြက်ခြေနီလှုရှားမှုများအား နေ့စဉ် တင်ဆက်ပေးသွားပါမည်။
Subscribe to:
Posts (Atom)